Wednesday, May 29, 2013

Call Schedule(အချိန်သတ်မှတ်ပေးပြီး Auto ဖုန်းခေါ်ခိုင်းရအောင်)















ကဲ……လာပြန်ပြီဗျာ လန်းလန်း တစ်ခု။

call schedule apk လေးပါ။ဒီကောင်

လေးကိုအသုံးပြုပြီး auto ဖုန်းခေါ်ခိုင်းမယ်။

အရေးတကြီးကိစ္စရှိလို့ပဲဖြစ်ဖြစ်

သူငယ်ချင်းတွေနဲ့ဖုန်းခေါ်ဖို့ချိန်းထားရင်ပဲ

ဖြစ်ဖြစ် ဒါမှမဟုတ် မိမိချစ်သူနဲ့ဖုန်းဆက်ဖို့

ချိန်းထားရင်ပဲဖြစ်ဖြစ် ဒီ apk လေးကိုအသုံး

ပြုပြီး auto ဖုန်းခေါ်ခိုင်းလို့ရပါတယ်။

ဘယ်နေ့ ဘယ်နာရီမှာဖုန်းဆက်ဖို့ချိန်းထား

ပြီးမေ့နေတတ်တဲ့သူတွေအတွက်တော်တော်

လေးကိုအဆင်ပြေစေပါတယ်ဗျာ။

ကျနော်အပါအဝင်ပေါ့ဗျာ။

ကိုယ့်ချစ်သူလေးဆီကို

         "ချစ်ရေ…ကိုယ်မနက်ဖြန် ည ၈ နာရီမှာ

  ချစ်ဆီကို…ဖုန်းခေါ်မယ်နော်…ချစ် ဆက်ဆက်

  စောင့်နေနော်" 

လို့ ကတိတွေပေးထားခဲ့ပြီး မေ့များမေ့နေလို့က

တော့ သွားပြီ  ပြဿနာတတ်ပြီ ကြေကွဲပြီ

ပြတ်ပြီ လွမ်းပြီ ဆွေးပြီ ပေါ့ဗျာ။

ဟဲ  ဟဲ မပူပါနဲ့ဗျာ အဲဒိလိုတွေ မေ့တတ်သူ

တွေအတွက်အထောက်အကူရရှိစေဖို့

ဒီ application လေးက ကူညီပံ့ပိုးပေးပါ

လိမ့်မယ်ဗျာ။

ကိုယ်ဖုန်းခေါ်ချင်တဲ့သူဆီ ဘယ်နှစ် ဘယ်လ

ဘယ်ရက် ဘယ်အချိန် ဘယ်နှနာရီ ဘယ်

နှမိနစ် စတာတွေကို အတိအကျ timmer

ပေးထားပြီး save လုပ်ထားလိုက်ယုံနဲ့

Auto ဖုန်းခေါ်ပေးသွားမှာပါ။

အဲ…အဲဒိအချိန်ရောက်လို့ auto ဖုန်းခေါ်နေချိန်

မှာ တဖက်က ပြန်ထူးတဲ့အသံကိုပြန်ကြား

ရအောင်လည်းလုပ်ထားဦးနော်။

တဖက်ကပြန်ထူးနေတဲ့အသံကို ကိုယ်က

မကြား။တဖက်ကလည်း ဟလို ဟလို နဲ့

ဖုန်းကိုမချပဲဆက်ကိုင်ထားနေမယ်ဆိုရင်တော့

ဖုန်းဘေလ် ကတက်နေမှာပဲ။သူ့ဘက်ကမချ

မချင်းပေါ့။အဲဒိတော့သူပြန်ထူးနေတဲ့အသံကို

လည်းကိုယ်ကြားဖို့လိုတာပေါ့။

ဘယ်လိုလုပ်မလည်း။

auto speaker ဖုန်းမှာဖွင့်ထားပေါ့။

auto speaker ထွက်ဖို့အတွက်ကလည်း

auto call recoder ဆိုတဲ့ apk လေးလို

တယ်လေ။

မပူပါနဲ့။ ဒီကောင်နဲ့အခုလိုမျိုး တွဲပြီးသုံး

နိုင်အောင်ကျနော်

auto call recoder ဆိုတဲ့ apk လေးပါ

တခါတည်းတင်ပေးထားပါမယ်ဗျာ။

auto call recoder ဆိုတဲ့ apk လေးရဲ့ 

setting ထဲဝင်ပြီး auto speaker နေရာ

မှာ အမှန်ခြစ်ပေးထားလိုက်ရင် ok သွားပြီ

ပေါ့ဗျာ။ဟုတ်တယ်ဟုတ်။

ကဲ ကဲ လေကြောတွေသိပ်ရှည်နေတယ်ဆိုပီး

ကျုပ်ကို မေတ္တာတွေပို့နေလောက်ပြီထင်တယ်။

အောက်မှာဒေါင်းလုပ်လင့်ခ် တွေတင်ပေးထား

ပါတယ်။တိုက်ရိုက်ဒေါင်းလုပ်လင့်ခ်ပါတင်ပေး

ထားပါတယ်။လင့်ခ်တွေအားလုံးအတူတူပါပဲ။

မိမိတို့ကြိုက်နှစ်သက်အဆင်ပြေရာလင့်ခ်

ကနေသာဒေါင်းယူသွားပေတော့။

file size လေးကတော့ 168KB လေးပဲရှိပြီး

android version 2.0 နှင့်အထက်ဖုန်းများ

အသုံးပြုကလိနိုင်ပါတယ်ခင်ဗျား။

 One Click Download(တိုက်ရိုက်လင့်ခ်)

 Download From "MediaFire"

 Download From "Box"

 Download From "dropbox"

 Download From "MegaCloud"

 Download From "copy.com"

 Download From "4shared"

ဒီကောင်နဲ့တွဲသုံးဖို့ auto call recoder

လေးပါ။

 auto call recoder အားဒေါင်းရန်

ဒီ application လေးကို Google Play

Store မှာလေ့လာလိုပါလျှင်…………

 "Go To Google Play Store ဆီသို့ "

ကဲ အားလုံးအဆင်ပြေချောမွေ့  ကြပါစေဗျာ။



Sameera ChathurangaPosted By Android Mobile အဖွဲ့ သား

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ face book like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော် သင့်အားပေးစကားတစ်ခွန်သည် ကျွန်တော် မနက်ဖန် ရေးမည့် ပိုစ့်အတွက်အားဆေးဖြစ်သည်

Android Mobile ပရိတ်သတ်များ အဆင်ပြေ စိတ်ချမ်းသာကြပါစေ

0 comments:

Post a Comment

Slider(Do not Edit Here!)